နည်းပညာနှင့်သက်မွေး ပညာရေးနှင့်လေ့ကျင့်ရေး လုပ်ငန်းဆိုင်ရာညှိနှိုင်းအစည်းအဝေး


Date : 26 September, 2016

DSC_0129

DSC_0129

နေပြည်တော်၊ စက်တင်ဘာ ၂၀

           လူငယ်လူရွယ်များအတွက် ကောင်းမွန်သော အလုပ်အကိုင်ပိုမိုရရှိစေရန်နှင့် ခေတ်မီသော စီးပွား​ရေးကိုပုံဖော်ရန်၊ နည်းပညာနှင့်သက်မွေး ပညာရေးနှင့်လေ့ကျင့်ရေးကဏ္ဍ၏ သင်ယူနိုင်မှု အခွင့်အလမ်း၊ အရည်အသွေးနှင့် စီမံခန့်ခွဲမှုများအား မြှင့်တင်ရန်အတွက် နည်းပညာနှင့်သက်မွေး ပညာရေးနှင့်လေ့ကျင့်ရေး (Technical and Vocational Education and Training-TVET) လုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့ နေ့လည် (၂)  နာရီတွင် ပညာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်းက အမှာစကားပြောကြားခဲ့ပါသည်။

              ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်းက ပြောကြားရာတွင် မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍများ ဖြစ်သော အခြေခံပညာရေး၊ အဆင့်မြင့်ပညာရေးနှင့် နည်းပညာနှင့်သက်မွေး ပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍ သုံးရပ်ရှိသည့်အနက် နည်းပညာနှင့်သက်မွေး ပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံတော်မှ အထူးအားပေးပံ့ပိုးပေးလျက်ရှိပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှလည်း ပြည်သူ လူထုကိုအကျိုးပြုမည့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူပြုစေသည့် လူငယ်လူရွယ်များကို ပြုစုပျိုးထောင်ပေးနိုင်ရန် နည်းပညာနှင့်သက်မွေး ပညာရေးနှင့် လေ့ကျင့်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ချမှတ်ရမည်ဖြစ်ပါကြောင်း၊ ရည်မှန်းချက်များ မူဝါဒများ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များကို ကြိုတင်ပြင်ဆင်ထားရန်လိုပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်ဒေသအသီးသီးတွင် နည်းပညာ  နှင့်သက်မွေး ပညာရေးနှင့် လေ့ကျင့်ရေးဆိုင်ရာ သင်တန်းများ သင်ကြားလေ့ကျင့်ပေးနိုင်စေရေးအတွက် ဒေသလိုအပ်ချက်နှင့်အညီ သက်ဆိုင်ရာ ဘာသာရပ်များကို ဦးစားပေးရွေးချယ် သင်ကြားလေ့ကျင့် ပေးသွားရန် လိုအပ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာနှင့်သက်မွေး ပညာရေး နှင့် လေ့ကျင့်ရေးကဏ္ဍသည် မရှိမဖြစ်လိုအပ်လျက်ရှိပြီး နည်းပညာနှင့်သက်မွေး ပညာရေးနှင့်လေ့ကျင့်ရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာအသီးသီးနှင့် ပုဂ္ဂလိကကဏ္ဍများ ပူးပေါင်းပါဝင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်းပြောကြားခဲ့ပါသည်။

      ထို့နောက် ညှိနှိုင်းအစည်းအဝေးသို့ တက်‌ရောက်လာကြသော သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများမှ နည်းပညာနှင့်သက်မွေး ပညာရေးနှင့် လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး ဒုတိယဝန်ကြီးမှ ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ဖြည့်စွက် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.