ဓာတ်ရောင်ခြည်ပေးနည်းပညာအသုံးချအသိပညာပေး ဆွေးနွေးပွဲကျင်းပခြင်း


Date : 17 August, 2017

DSC_0987

18 chem

နေပြည်တော်၊ သြဂုတ် ၁၇

    ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ကျင်းပသော ဓာတ်ရောင်ခြည်ပေးနည်းပညာ အသုံးချ အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် ပညာရေးဝန်ကြီးဌာန၊ စုဝေးခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။

    ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောကြားရာတွင် ဓာတ်ရောင်ခြည်ပေးနည်းပညာ အသုံးပြုမှုသည် ကမ္ဘာ့နိုင်ငံ အများအပြားတွင်ကျယ်ပြန့်စွာ ဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး အစားအစာ နှင့်စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍ၊ ကျန်းမာရေး ကဏ္ဍနှင့် ပတ်ဝန်းကျင်ဆိုင်ရာကဏ္ဍများ၊ အဆင့်မြင့်ပစ္စည်းများကဏ္ဍတို့တွင် စီးပွားဖြစ်လုပ်ငန်းများဆောင်ရွက်လျက် ရှိကြောင်း၊ အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံများတွင်လည်း ဓာတ်ရောင်ြခည်ပေးနည်းပညာများကို သုတေသနနှင့် နည်းပညာဖွံ့ဖြိုးမှုများမှတဆင့် စီးပွားဖြစ်လုပ်ငန်းများအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း၊ စီးပွားဖြစ်လုပ်ငန်းဆောင်ရွက် မှုများ၏ သတင်းအချက်အလက်၊ ဗဟုသုတနှင့် လုပ်ငန်းအတွေ့အကြုံများကို လက်ကမ်းမျှဝေဆွေးနွေးတင်ပြခြင်းဖြင့် နိုင်ငံအတွင်း ဓာတ်ရောင်ခြည်ပေးနည်းပညာများ ပိုမိုအသုံးပြုနိုင်ရေးအတွက် အထောက်အပံ့ဖြစ်မည်ဖြစ်ကြောင်းပြောကြား ပါသည်။

     အဆိုပါ ဆွေးနွေးပွဲသို့ ပြည်သူလွှတ်တော်ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ အသင်းဝင်များ၊ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဒေသတွင်းနည်းပညာ ကျွမ်းကျင်သူ များနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး ဓာတ်ရောင်ခြည်ပေးနည်းပညာအသုံးချခြင်းဆိုင်ရာ တို့ကို ကျယ်ပြန့်ထိရောက်စွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.