ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး အမျိုးသားပညာရေးမူဝါဒကော်မရှင်အဖွဲ့ဝင်များနှင့် တွေ့ဆုံ


Date : 17 August, 2017

20818935_1882748932044951_1675877816703093016_o

17 Nat Edu

ရန်ကုန် သြဂုတ် ၁၇

          ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် အမျိုးသားပညာရေး မူဝါဒကော်မရှင်အဖွဲ့ဝင် များနှင့် ယနေ့နေ့လည် ၁၂ နာရီတွင် အမျိုးသားပညာရေးမူဝါဒကော်ရှင် အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

          တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးကဏ္ဍ အသီးသီးတွင် ပြုပြင်ပြောင်းလဲ မှုများကို အချိန်နှင့်တစ်ပြေးညီ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက် လျက်ရှိပါကြောင်း၊ အခြေခံပညာကဏ္ဍ၊ အဆင့်မြင့် ပညာကဏ္ဍ၊ နည်းပညာနှင့်သက်မွေးပညာကဏ္ဍ၊ ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးကဏ္ဍများ၏ ဆောင်ရွက် နေမှုများကို အသေးစိတ် ပြောကြားသည်။

          ထို့ပြင် သင်ရိုးညွှန်းတမ်းရေးဆွဲရာတွင် အမျိုးသားသင်ရိုးညွှန်တမ်းကော်မတီအနေဖြင့် လိုအပ်သည့် အကြံဉာဏ်များ ပေးစေလိုပါကြောင်းနှင့် နိုင်ငံတော်အတိုင်ပင်ခံ၏ လမ်းညွှန်မှာ ကြားချက်များဖြစ်သည့် အနာဂတ်နိုင်ငံတော်အတွက် လူသားစွမ်းရည်ပြည့်ဝသူများ မွေးထုတ်ပေး ရေး၊ ညီညွတ်စွာပူးပေါင်းဆောင်ရွက်တတ်သည့် စိတ်ဓာတ်များမွေးမြူတတ်ရန်၊ တာဝန်ယူ တာဝန်ခံမှုများရှိစေရေး၊ Creativity and Innovation ကောင်းသော လူငယ်လူရွယ်များ မွေးထုတ်ပေးရန်နှင့် ပညာရေးကဏ္ဍ ပိုမိုတိုးတက်အောင်မြင်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြသည့်အတွက် ကျေးဇူးတင်ပါ ကြောင်းနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက် စေလိုကြောင်း မှာကြားသည်။

     ထို့နောက် အမျိုးသားပညာရေးမူဝါဒကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးညီလှငယ်က ကော်မရှင်၏ လက်ရှိ ဆောင်ရွက်နေသောလုပ်ငန်းများနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်းဆွေးနွေးကြောင်းသတင်းရရှိသည်



Bookmark the permalink.

Comments are closed.