ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီးနှင့်အဖွဲ့ ပဲခူးတိုင်းဒေသကြီး ၂၀၁၇ ခုနှစ် တက္ကသိုလ်၀င်တန်းစာမေးပွဲ အဖြေလွှာများစစ်ဆေးနေမှုကို လှည့်လည်ကြည့်ရှု


Date : 1 April, 2017

4

1 4 Univ Entre (Bago-UM)

ရန်ကုန် ဧပြီ ၁

   ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်း၀င်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနေ၀င်းဦး၊ ဒဂုံတက္ကသိုလ်မှ တာ၀န်ခံပါမောက္ခချုပ် ဒေါက်တာအေးအေးထွန်း၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာသက်လွင်နှင့် တာ၀န်ရှိသူများလိုက်ပါ၍ ဒဂုံတက္ကသိုလ်တွင် ၂၀၁၇ ခုနှစ် တက္ကသိုလ်၀င်စာမေးပွဲ (ပဲခူးတိုင်းဒေသကြီး) စာစစ်လုပ်ငန်းကို ဧပြီလ ၁ ရက်နေ့ နံနက်ပိုင်းက လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

     ဒဂုံတက္ကသိုလ်၊ ပဲခူးတက္ကသိုလ်၊ တောင်ငူတက္ကသိုလ်၊ ပြည်တက္ကသိုလ်တို့မှ ပါမောက္ခ၊ တွဲဖက် ပါမောက္ခ၊ ကထိက၊ ဆရာ ဆရာမ စုစုပေါင်း( ၇၈၈ )ဦးနှင့်အတူ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အထက်တန်းပြ ဆရာ ဆရာမ စုစုပေါင်း( ၁၂၂၄ )ဦးတို့၏ စာစစ်လုပ်ငန်း လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.