ပညာရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီးနှင့်အဖွဲ့ရန်ကုန်တိုင်းဒေသကြီး ၂၀၁၇ ခုနှစ် တက္ကသိုလ်၀င်တန်းစာမေးပွဲ အဖြေလွှာများစစ်ဆေးနေမှုအခြေအနေကိုဆွေးနွေး


Date : 4 April, 2017

2

4 4 2017 Higher Ent(DM)

ရန်ကုန် ၂၀၁၇ ဧပြီ ၄

     ပညာရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦး၀င်းမော်ထွန်းသည် ယနေ့ နံနက် ၁၀ နာရီတွင် အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာသိန်း၀င်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနေ၀င်းဦး လိုက်ပါ၍ ရန်ကုန်တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်ကျော် နှင့်တာ၀န်ရှိသူများ၊ စာစစ်မှူးချုပ်များ၊ လက်ထောက်စာစစ်မှူးချုပ်များနှင့် တာ၀န်ရှိသူများအား ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ကောင်စီခန်းမတွင် တွေ့ဆုံဆွေးနွေးသည်။

     ရှေးဦးစွာ ပညာရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီးဦး၀င်းမော်ထွန်းက အဖွင့်အမှာစကားပြောကြားပြီးနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် စာစစ်မှူးချုပ်များနှင့် လက်ထောက်စာစစ်မှူးချုပ်များက ရန်ကုန်တိုင်းဒေသကြီး ၂၀၁၇ ခုနှစ် တက္ကသိုလ်၀င်တန်းစာမေးပွဲ အဖြေလွှာများ စစ်ဆေးနေမှုအခြေအနေများကို အသီးသီးဆွေးနွေးတင်ပြကြသည်။

   ထိုဆွေးနွေးတင်ပြ ချက်များအပေါ် ပညာရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီးက ပြန်လည်ညှိနှိုင်း ဆွေးနွေးခဲ့ပါသည်။ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်တို့မှ တက္ကသိုလ်ဆရာ ဆရာမ စုစုပေါင်း ( ၉၈၅ ) ဦးနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အထက်တန်းပြ ဆရာ ဆရာမစုစုပေါင်း ( ၂၂၂၂ )ဦးတို့၏ စာစစ်လုပ်ငန်း အခြေအနေများကို တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.