ပုဂ္ဂလိကကဏ္ဍလူသား အရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးအစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များချမှတ်ခြင်း နှီးနှောဖလှယ်ပွဲကျင်းပ


Date : 21 May, 2017

3

21 5 HR develop(MDY)

မန္တလေး မေ ၂၁

   ပုဂ္ဂလိကကဏ္ဍလူသား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍပူးပေါင်းဆောင်ရွက် မည့်အစီအစဉ်များချမှတ်ခြင်း နှီးနှောဖလှယ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးတက်ရောက် အမှာစကားပြောကြားသည်။

     အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် ပုဂ္ဂလိက ကဏ္ဍလူသားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးသည် အလွန်အရေးကြီးကြောင်း၊ အစိုးရနှင့် ပုဂ္ဂလိကချိတ်ဆက် ဆောင်ရွက်မှုခိုင်မာ အားကောင်းရေး၊ ဒေသတွင်း လုပ်ငန်းများတွင် လိုအပ်လျက်ရှိသည့် လုပ်ငန်ကျွမ်းကျင်မှုအတတ်ပညာနှင့် ဝေဖန်ပိုင်းခြား တွေးခေါ်နိုင်သောစွမ်းရည်၊ ပြဿနာ ဖြေရှင်းနိုင်သောစွမ်းရည်နှင့် ခွဲခြားဆန်းစစ်လေ့လာ နိုင်သောစွမ်းရည် စသည့် လိုအပ်ချက်များ ဖော်ထုတ်ဆွေးနွေးရေး၊ ဒေသမှတောင်းဆိုမှုအများဆုံးဖြစ်သည့် သင်တန်းအမျိုးအစားတစ်မျိုး စတင်ဖွင့်လှစ်နိုင်ရေး၊ ဖွင့်လှစ်မည့်သင်တန်းများကို ရေရှည်တည်တံ့ ဖွံ့ဖြိုးနိုင်မည့် အစီအစဉ်များ ဖော်ထုတ်နိုင်ရေးသည် ယနေ့ကျင်းပသည့်နှီးနှောဖလှယ်ပွဲ၏ ရည်ရွယ်ချက်ဖြစ်ကြောင်း။ ပညာရေးဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိကကဏ္ဍအား အထူးတန်ဖိုးထားပြီး အသက်မွေးဝမ်းကျောင်းပညာရေးအောင်မြင်မှသာ လူငယ်များ၊ ပြည်သူများ အလုပ်အကိုင်နှင့် လစာကောင်းကောင်းရရှိနိုင်ပြီး စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း၊ အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်ခြင်းသာမက ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ စိတ်ပါဝင်စားသောနယ်ပယ်များတွင်လည်း ပူးပေါင်းပါဝင်၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် သွားစေလိုကြောင်း တိုက်တွန်းဆွေးနွေး မှာကြားသည်။

       အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပါမောက္ခချုပ်များ၊ သက်မွေးပညာ သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးများနှင့် ဆရာဆရာမများ၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် မန္တလေးတိုင်းဒေသကြီး ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ပြည်တွင်းပြည်ပဖွံ့ဖြိုးမှု မိတ်ဖက် အဖွဲ့အစည်များမှ ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များတက်ရောက်ကြကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.