ရန်ကုန်တက္ကသိုလ်(ပင်မ)ပြုပြင်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


Date : 31 May, 2017

1

31 5 Ygn-main(modifi)

ရန်ကုန် မေ ၃၁

     ရန်ကုန်တက္ကသိုလ်(ပင်မ) ပြုပြင်မွမ်းမံရေးနှင့်အဆင့်မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ကောင်စီခန်းမ၌ ကျင်းပရာ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အမှာစကားပြောကြားသည်။

      ထို့နောက် တက်ရောက်လာကြသည့် Central Eruopean University မှ Provost Prof Liviu Matei၊ Daw Aung San Su Kyi Trust Fund မှ Chief Trustee Dr.Michael Marett-Crosby၊ ရန်ကုန်တက္ကသိုလ် ပညာရေးမြှင့်တင်မှု ကော်မတီ(Software Comittee) ဥက္ကဋ္ဌ ဒေါက်တာဦးမောင်မောင်၀င့်၊ ရန်ကုန်တက္ကသိုလ်အခြေခံ အဆောက်အအုံ နှင့်ပစ္စည်းကိရိယာများ အဆင့်မြှင့်တင်ရေး (Hard-ware Comittee)ဥက္ကဋ္ဌ ဒေါက်တာဦးညီလှငယ်၊ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းတို့က ရန်ကုန်တက္ကသိုလ်၏အဆင့်အတန်း မြှင့်တင်နိုင်ရေးကိစ္စရပ် များအား အကြံပြုဆွေးနွေးတင်ပြခဲ့ကြပြီး တက်ရောက်လာကြသူများက ဝိုင်း၀န်းဆွေးနွေးခဲ့ကြရာ ပြည်ထောင်စု၀န်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ အစည်းအဝေးသို့ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်၊ ဒုတိယပါ မောက္ခချုပ်များ၊ ရန်ကုန်တက္ကသိုလ်(ပင်မ)ပြုပြင်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေးကော်မတီ၀င်များ၊ Central Eruopean University မှ တာ၀န်ရှိသူများနှင့် Daw Aung San Su Kyi Trust Fund မှ တာ၀န်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။



Bookmark the permalink.

Comments are closed.