ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် နှစ်စဉ်ကဏ္ဍအလိုက်စွမ်းဆောင်ရည် ပြန်လည်သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲတက်ရောက်


Date : 21 August, 2017

20934009_1884625745190603_9045531736991904378_o

 

21BJ

နေပြည်တော် သြဂုတ် ၂၁

    ပညာရေးဝန်ကြီးဌာန ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် နှစ်စဉ်ကဏ္ဍအလိုက်စွမ်းဆောင်ရည် ပြန်လည်သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မင်္ဂလာသီရိ ဟိုတယ်၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့် လူမှုရေးအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသောသော ဧည်‌့သည်တော် များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

       ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင် National Education Strategy Plan(NESP) 2016-2021ကို အောင်မြင်စွာပြုစုနိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ပံပိုးကူညီ ဆောင်ရွက်ပေးကြသော ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ ပညာသင်ယူမှုအခွင့်အလမ်းရရှိရေးအတွက် မည်သူတစ်ဦးတစ်ယောက်ကိုမျှချန်မထား၍ ဘက်မလိုက်ဘဲသာတူညီမျှအခွင့်အရေး ရအောင်ဆောင်ရွက်သွားရမှာဖြစ်ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်သော စီမံကိန်းများပြုစုပြီး ဦးစားပေးအစီအစဉ် အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပညာရေးအရည်အသွေး မြင့်မားရေးအတွက် ဆရာ ဆရာမများ အနေဖြင့် သင်ကြားသင်ယူမှု အရည်အသွေးများ တိုးတက်အောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ သင်ကြားရေးကဏ္ဍတွင် ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများအား သင်ယူတတ်မြောက်မှု ကောင်းမွန်စေရေးအတွက် အချိန်ပေး၍ ဂရုတစိုက် ရှင်းလင်းသင်ကြား သင်ယူပေးရန် လိုအပ်ပါကြောင်း၊ ကျွမ်းကျင်မှုအတွေ့အကြုံ ဗဟုသုတများပြည့်ဝရန်၊ စာများများ ဖတ်ရန်လိုအပ် ပါကြောင်း၊ ဆရာ ဆရာမများအရည်အသွေးမြှင့်တင်ရေး သင်တန်းများကို နိုင်ငံတော်အဆင့်၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်၊ ခရိုင်မြို့နယ်အဆင့်နှင့် ကျောင်းအဆင့်လိုက် ဖွင့်လှစ်နိုင်ရေး အလေးထားဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် ၅ နှစ်ပြည့် ကလေးတိုင်း သူငယ်တန်းပညာသင်ယူခွင့် ရရှိအောင်ဆောင်ရွက်ထားပြီးဖြစ်၍ လက်ရှိဆောင်ရွက်နေသော ကျောင်းအခြေပြု Pre-School ကိုသာ ဆက်လက်ဆောင်ရွက်ရန်အားပေးပါကြောင်း၊ မူလတန်းပညာသင်ယူနေသူအားလုံး မူလတန်း ပညာသင်ယူပြီးမြောက်ပြီး အလယ်တန်း၊ အထက်တန်းအဆင့်များကို ဆက်လက်သင်ယူပြီး‌ြေမာက်ပြီး အလယ်တန်း၊ အထက်တန်းအဆင့် များကို ဆက်လက်သင်ယူပြီးမြောက်ရေးနှင့် ကျောင်းသား ကျောင်းသူများ၏ ဝါသနာ၊ ဆန္ဒ၊ အရည်အချင်းများအရ အသက် မွေးဝမ်းကျောင်းနှင့် အဆင့်မြင့်ပညာတို့ကို ဆက်လက်သင်ယူနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အခြေခံပညာရေးသည် ဖြည့်ဆည်း ဆောင်ရွက်ပေးရန်အများဆုံး အခန်းကဏ္ဍဖြစ်ပါကြောင်း၊ နှစ်စဉ်ကျောင်းအဆင့် တိုးမြှင့်ပေးနိုင်ခဲ့သော်လည်း ကျောင်းဆောင်၊ စာသင်ခန်း၊ ဆရာ ဆရာမ၊ သင်ထောက်ကူစသည့် လိုအပ်ချက်များကို ချက်ချင်းမဖြည့်ဆည်းပေးနိုင်ဘဲ ဘတ်ဂျက်သဘောအရ တစ်နှစ် နောက်ကျပြီးရရှိလာတဲ့ ခွင့်ပြုဘဏ္ဍာငွေအရခွဲဝေဖြည့်ဆည်း ဆောင်ရွက်ပေးသွားနိုင်မှာဖြစ်ကြောင်း၊ နိုင်ငံတကာ သုတေသန စီမံကိန်းများကိုလေ့လာပြီး မြန်မာနိုင်ငံ တိုင်းရင်းသားယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာများ၊ တန်ဖိုးများနှင့် လိုက်လျောညီထွေသည့် စီမံကိန်းများကို ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ လိုအပ်ချက်များသော ပညာရေးကဏ္ဍတွင် တစ်ဦးချင်းစီ၏စွမ်းဆောင်နိုင်မှု၊ ဦးစီးဌာန၊ ဝန်ကြီးဌာန၏ အကောင်အထည်ဖော်နိုင်မှုစွမ်းရည်များမြှင့်တင်၍ ညီညီညွတ်ညွတ် ပူးပေါင်းဆောင် ရွက်မှုသည် အလွန်အရေးကြီးပြီး ပညာရေးအရည်အသွေး မြင့်မားရေးအတွက် အားလုံးပူးပေါင်းကာ ဝိုင်းဝန်းဆောင်ရွက်ကြစေ လိုပါကြောင်းစသည်ဖြင့် ပြောကြားသည်။

     ထို့နောက် ကျောင်းပြင်ပနှင့်တစ်သက်ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်မြဲက အလုပ်ရုံဆွေးနွေးပွဲ ရည်ရွယ်ချက်နှင့် အဓိကရလဒ်များကို ဆွေးနွေးတင်ြပပြီး ဆွေးနွေးပွဲကိုအစီအစဥ်တိုင်း ဆက်လက်ကျင်းပကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.