အမျိုးသားစံချိန်စံညွှန်းကောင်စီ စတုတ္ထအကြိမ်အစည်းအဝေးကျင်းပခြင်း


Date : 21 August, 2017

DSC_0917

21 stand

  နေပြည်တော်၊ သြဂုတ် ၂၁

          ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ကျင်းပသော အမျိုးသားစံချိန်စံညွှန်းကောင်စီ စတုတ္ထအကြိမ်အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ပညာရေးဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း၊ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးမှ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်တို့မှ တာဝန်ရှိသူ များတက်ရောက်ခဲ့ကြပါသည်။

      ရှေးဦးစွာ အမျိုးသားစံချိန်စံညွှန်းကောင်စီ ဥက္ကဋ္ဌ၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကားပြောကြားရာတွင် အမျိုးသားစံချိန်စံညွှန်းကောင်စီအဖွဲ့ဝင်များကို ပြန်လည်၍ဖွဲ့စည်းရန်အတွက် အဖွဲ့ဝင် နေရာများတွင် ကောင်စီအဖွဲ့ဝင်အသစ်များ ပြန်လည်အစားထိုး အဆိုပြုဖွဲ့စည်းပုံစာရင်းတင်ပြရန်၊ အမျိုးသားစံချိန်စံညွှန်း ကောင်စီမှ ဆက်လက်ဆောင်ရွက်ရမည့် ရေတိုလုပ်ငန်းများနှင့် ရေရှည်လုပ်ငန်းစဉ်များကို စနစ်တကျဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် နှင့် ယနေ့အစည်းအဝေးမှ အတည်ပြုချမှတ် ဆောင်ရွက်သည့် စံချိန်စံညွှန်များသည် အမျိုးသားကျန်းမာရေး၊ အစားအသောက် ဘေးကင်းရေး၊ အမျိုးသားလုံခြုံရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်ရေးများနှင်‌့ ပတ်သက်သည့် အရေးကြီးသော စံချိန်စံညွှန်းများ ဖြစ်သည့်အတွက် အမျိုးသားအကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်သွား ရန်လိုအပ်ပါကြောင်း။

    ဆက်လက်ပြီး အမျိုးသားပို့ကုန် မြှင်‌့တင်နိုင်မည့်လုပ်ငန်းများကိုလည်း တွန်းအားပေး ဆောင်ရွက်သွားရန်နှင့် တပြိုင်တည်းတွင်လည်း စံချိန်စံညွှန်းဆိုင်ရာဥပဒေ၏ နည်းဥပဒေ(မူကြမ်း)ကိုလည်း ဆက်လက်ပြီးရေးဆွဲသွားရန် လိုအပ်ပါကြောင်း၊ စံချိန်စံညွှန်းဆိုင်ရာ ဥပဒေ (မူကြမ်း)အသစ်ကိုလည်း အကြံပြုဆွေးနွေးနွေးပေးကြရန် ဖိတ်ခေါ်ပါကြောင်း၊ အမျိုးသားအရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံ လျှင်မြန်စွာအကောင်အထည်ဖော်နိုင်ရေးအတွက် အဓိကအခန်း ကဏ္ဍတွင် ဦးဆောင်ဦးရွက်ပြုနေသည့် အမျိုးသားစံချိန်စံညွှန်း ကောင်စီဝင်များအနေဖြင့် တင်ပြထားသည့်လုပ်ငန်းစဉ် များအပေါ် အကြံပြုဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

   ထို့နောက် အစည်းအဝေးသို့တက်ရောက်လာခဲ့ကြသော ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက အမျိုးသားစံချိန်စံညွှန်း သတ်မှတ်ခြင်းဆိုင်ရာဥပဒေကို ပြန်လည်ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)နှင့် ပက်သတ်၍ ဆောင်ရွက်ထားရှိမှု တင်ပြချက်အပေါ် စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.