ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


Date : 24 August, 2017

FB_IMG_1503581886618

 

24

    နေပြည်တော် သြဂုတ်၂၄

     ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးကို ယနေ့နံနက် (၈) နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁၃) ရှိ အစည်းအ​ဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အဖွင့်အမှာ စကားပြောကြားသည်။

  ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် အရည်အ​သွေးမြင့်မားသော တက္ကသိုလ်ဘွဲ့ရလူငယ် မောင်မယ်များမွေးထုတ်ပေးရန်လိုအပ်ကြောင်း၊ တီထွင်ဆန်းသစ်သော စီမံခန့်ခွဲမှုနည်းလမ်းများဖြင့် အဆင့်မြှင့်တင်အ​​ကောင်အထည် ဖော်ဆောင်ရွက်ကြရန်နှင့် အားလုံးပူးပေါင်းပါဝင်သော ပညာရေးစီမံခန့်ခွဲမှုနည်းလမ်းကို ဦးတည်ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ စာမေးပွဲအချိန်စာရင်းနှင့် မေးခွန်းများတိကျမှန်ကန်ရေး၊ အမှတ်ပေးစည်းမျဉ်းနှင့်အညီ စာစစ်လုပ်ငန်းဆောင်ရွက်ရေး၊ အောင်စာရင်း အချိန်မီထုတ်ပြန်နိုင်ရေးတို့ကို ဂရုတစိုက်စီစဉ်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ အချိန်မီစနစ်တကျ​ကျောင်းအပ် လက်ခံရေး၊ ဆရာဆရာမများ အင်္ဂလိပ်စာကျွမ်းကျင်မှု၊ ICT ကျွမ်းကျင်မှုများ မြှင့်တင်၍ စာများများဖတ်ပြီး သုေတသနလုပ်ငန်းများ ဆောင်ရွက်ကြရန်နှင့် တက္ကသိုလ်များတွင် ကျောင်းသားကျောင်းသူများက Deep Learning သင်ယူနိုင်ရေးအတွက် ဘာသာရပ် ဆိုင်ရာ ဆရာဆရာမများအားလုံးကျွမ်းကျင်မှုနှင့် သုတေသနအရည်အသွေးများ တိုးတက်အောင် ဆောင်ရွက်နေကြရမည် ဖြစ်ကြောင်း၊ ဘဏ္ဍာရေးလုပ်ငန်းများကို ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ သုတေသနစာတမ်းဖတ်ပွဲများ၊ သုတေသနဂျာနယ်များတွင် သုတေသနစာတမ်း ရေးသားမှုများ၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင် ရွက်မှုများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ နိုင်ငံခြားပညာသင် စေလွှတ်မှုများကို အားပေးလျက်ရှိပါကြောင်း၊ မိမိတို့ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို ထိရောက်ပွင့်လင်းမြင်သာမှု ရှိစေရန်နှင့် သတင်းအချက်အလက်များကို အချိန်နှင့်တ​ပြေးညီအသိပေး ဖြန့်ဝေဖို့လိုအပ်ပါကြောင်း၊ ဆရာဆရာမများ၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားရေးအတွက် မွမ်းမံသင်တန်းများဖွင့်လှစ်ပေးဖို့ လိုအပ်ပါကြောင်း၊ အဆင့်မြင့်ပညာကဏ္ဍ အရည်အ​​သွေးမြင့်မားရေး အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း စသည်ဖြင့် အမှာစကားပြောကြားသည်။

    ယနေ့အစည်းအ​ဝေးသို့ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ဦးစီးဌာနများမှညွှန်ကြားရေးမှူးချုပ်များ၊ပါမောက္ခချုပ် ကျောင်းအုပ်ကြီးများ၊ ဌာနခွဲတာဝန်ခံများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြ​​ကြောင်းသတင်းရရှိသည်။



Bookmark the permalink.

Comments are closed.