ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး အုပ်ချုပ်မှုသင်တန်းကျောင်းသို့ သင်ခန်းစာဆွေးနွေးပို့ချ


Date : 20 May, 2017

8

20 5 Management (Ygn-Mingaladon) 

ရန်ကုန် မေ ၂၀

   ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့နံနက် (၉) နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ထောက်ကြံ့အုပ်ချုပ်မှုသင်တန်းကျောင်း၌ ဖွင့်လှစ်သည့် အမှတ်စဉ် (၃/၂၀၁၇) အုပ်ချုပ်မှုသင်တန်းသို့ သင်ခန်းစာဆွေးနွေးပို့ချသည်။

    ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဆွေးနွေးပို့ချရာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာ သင်ယူပြီးမြောက်ရေး၊ သင်ယူမှုအခွင့်အလမ်း ပိုမိုမြင့်မားရေးနှင့် သင်ယူတတ်မြောက်မှု အရည်အသွေးကောင်းမွန်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းသား ကျောင်းသူများ လူသားကောင်းတစ်ဦးဖြစ်လာစေရန် ပြုစုပျိုးထောင်ရေး၊ အချင်းချင်းပူးပေါင်း ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ပိုမိုအားကောင်းလာစေရန်၊ ထူးချွန်တက်မြောက်သည့် ကျောင်းသားများမွေးထုတ်ရာတွင် တီထွင်ကြံဆ နိုင်သည့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော အရည်အချင်းပြည့်ဝသည့် ကျောင်းသား ကျောင်းသူများ မွေးထုတ်ပေးနိုင်ရန် လိုအပ်ပါကြောင်း၊ မူလတန်းအဆင့်တွင် ကျောင်းထွက်သူ လုံး၀ပပျောက်ရေး၊ အလယ်တန်းနှင့် အထက်တန်းအဆင့်များသို့ အဆင့်ဆင့်ဆက်လက် ပညာသင်ကြားနိုင်ရေးအတွက် မိဘများနှင့်ပူးပေါင်းဆောင်ရွက်ရေး၊ ကျောင်းဖွံ့ဖြိုးတိုးတက်ရေးများတွင် ကျောင်းသားနှင့် မိဘပူးပေါင်း ပါဝင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဆရာ ဆရာမများ၏ ဘာသာရက်ကျွမ်းကျင်မှုနှင့် သင်ကြားမှုစွမ်းရည်မြင့်မားလာစေ ရန်အတွက် သင်တန်းများဖွင့်လှစ်ပို့ချဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လက်ထောက်ညွှန် ကြားရေးမှူးများနှင့် မြို့နယ်ပညာရေး မှူးများအနေဖြင့် မိမိတို့၏လုပ်ငန်းတာဝန်များကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် မိမိတို့၏လုပ်ငန်းတာဝန်များကို ကျွမ်းကျင်စာ ဆောင်ရွက်ရန်နှင့် မိမိတို့တာဝန်တို့တာဝန်ယူဆောင်ရွက်သည့် ဒေသများတွင် ဖွံ့ဖြိုးတိုးတက်စေရန် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင် နိုင်ရန် အရေးကြီးပါကြောင်း၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံရေးနှင့် ကျောင်းထွက်သူပ ပျောက်ရေး ပြည်သူအားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်ရေးနှင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။

  အဆိုပါသင်တန်းသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် မြို့နယ်ပညာရေးမှူး သင်တန်းသား သင်တန်းသူ စုစုပေါင်း (၆၂) ဦး တက်ရောက်ကြပြီး သင်တန်း ကာလမှာ မေလ (၄) ရက်နေ့မှ (၂၄) ရက်နေ့ထိ (၂၁) ရက်ကြာဖွင့်လှစ်သင်ကြား ပို့ချလျက် ရှိကြောင်း သိရသည်။



Bookmark the permalink.

Comments are closed.