နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


Date : 5 September, 2017

21316536_1891228124530365_727146980562744836_o

sept 5 TVET

နေပြည်တော်၊ စက်တင်ဘာ ၅

      ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ (၅) ရက် နံနက် ၇ နာရီခွဲတွင် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၂၁)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ အစိုးရ နည်းပညာကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ၊ အစိုးရနည်းပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ တာဝန်ခံများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ကြသည်။

  ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကားပြောကြားတွင် TVET သက်မွေးပညာကဏ္ဍတွင် ဒေသနှင့်လိုက်လျောညီထွေရှိပြီးဒေသ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သော သင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နည်းပညာ၊ သက်မွေးပညာရပ် နယ်ပယ်များကို ကျွမ်းကျင်စွာတတ်မြောက်သည့် ထူးချွန်ထက်မြက်သူများ ပေါ်ထွန်းလာအောင် မွေးထုတ်ပေးကြရမည်ဖြစ်ပြီး ပြုစုပျိုးထောင်နေသော ဆရာ၊ ဆရာမများ၏ စီမံခန့်ခွဲမှုနှင့် သင်ကြားရေးအရည်အသွေးများ ပိုမိုထက်မြက်ကောင်း မွန်အောင်ဆောင်ရွက်ကာ First Class TVET Education ဖြစ်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့ကျောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို အသေးစိတ် စာရင်းပြုစုပြီး ဦးစားပေး လုပ်ဆောင်ရမည့် လုပ်ငန်းအစီအစဉ်များကို ခွဲခြား၍စနစ်တကျ ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်ကူဖြစ်သည့် Skill Labour များ မွေးထုတ်ပေးနိုင်ရေးနှင့် ကျွမ်းကျင်မှုဆိုင်ရာ စံချိန်စံညွှန်းများနှင့်ကိုက်ညီသော သင်ရိုးညွှန်းတမ်းများဖြင့် သင်ကြားပေးရန် လိုအပ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းသည် အင်အားကြီးမားသော အောင်မြင်မှု၏ အခြေခံဖြစ်၍ မိမိတို့သက်ဆိုင်ရာ ပညာရေးမိသားစုများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူများနှင့်အတူ ဝိုင်းဝန်းပူးပေါင်းကာ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း စသည်ဖြင့်ပြောကြားကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.